Burmese English Spanish French German Dutch
Listen to this story (English).
လက်ရှိမြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစုများအကြားဆက်ဆံရေးကို နားလည်နိုင်ရန် အတွက် ဗမာ၊ အာရကန်၊ မွန်-ခမာ လူမျိုးစုတို့၏ ရှေးခေတ်တိုင်းပြည်များအကြား ပဋိပက္ခများအမြစ်တွယ်နေရာမှ နောက်ဆုံးတွင် ဗမာတို့ကြီးစိုးသည့် အလယ်ပိုင်း လွင်ပြင်ဒေသကို ဖန်တီးခဲ့သော ရာစုနှစ်ပေါင်းများစွာက အတိတ်ကာလ သမိုင်းကို ပြန်လည်ကြည့်ရှုရန်လိုအပ်ပေလိမ့်မည်။
အာရကန်၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန် နှင့် ရှမ်းဟူသည့် ယနေ့ခေတ် မြန်မာနိုင်ငံ၏ ပြည်နယ် ခုနစ်ခုအဖြစ် အကြမ်းဖျဉ်း ကိုယ်စားပြုလျက်ရှိသည့် နယ်စပ်ဒေသများမှာ တိုင်းရင်းသား လူမျိုးစုများနှင့် လူနည်းစု တိုင်းရင်းသားအုပ်စုတို့ ရာစုနှစ်ပေါင်းများစွာ ဖွဲ့စည်းခဲ့သော ကိုယ်ပိုင်နယ်မြေများဖြစ်ပေသည်။
၁၈၈၆ ခုနှစ်တွင် ဗြိတိသျှကိုလိုနီတို့ မြန်မာပြည်ကို သိမ်းပိုက်ခဲ့ခြင်းသည် မြန်မာ့တိုင်းရင်းသားလူမျိုးစုများအတွက် ရေရှည်အကျိုးဆက်များဖြစ်ပေါ်စေခဲ့သည်။ ယင်းသမိုင်းဝင်လုပ်ရပ်မှာ ယနေ့တိုင် သက်ရောက်မှုများရှိနေဆဲဖြစ်သည်။
“ကိုလိုနီတို့ရောက်ရှိလာသည့်အခါ “ခွဲခြမ်းအုပ်ချုပ်”သည့်နည်းဗျူဟာကို အသုံးပြု ခဲ့ကြတယ်”ဟု ပဋိပက္ခနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာများအပေါ် အဓိကလေ့လာသည့် အလွတ်တမ်း သုတေသနပညာရှင်ဖြစ်သူ Kim Jolliffe က ပြောကြားခဲ့သည်။ “သူတို့အနေနဲ့ အင်အားတောင့်တင်းပြီး တော်လှန်ရေး ပြုလုပ်နိုင်ခြေ ရှိတယ်လို့ ယူဆရပြီး လူအများစုပါဝင်တဲ့ ဗမာလူမျိုး(မြန်မာလူမျိုး)တို့နဲ့ အတိအလင်း အတိုက်အခံပြုခဲ့ကြပါတယ်။”
ထိုနည်းဗျူဟာသည် ဗြိတိန်တို့ကို မတူညီသည့် စနစ်နှစ်ခု ဖွဲ့စည်းခြင်း ဦးတည်စေခဲ့သည်။ မြန်မာတို့ ကြီးစိုးရာ မြေပြန့်ဒေသနှင့် တိုင်းရင်းသားလူမျိုးစုများ ကြီးစိုးရာ “တောင်ပေါ် ဒေသများ” ဟူသည့် စနစ်နှစ်ခု ဟူ၍ဖြစ်သည်။ ဗမာလူမျိုးများ အာဏာကျဆင်းခဲ့သည့် ထိုစဉ်အချိန်အခါက ဗြိတိသျှတို့သည် ကရင်လူမျိုးကဲ့သို့သော တိုင်းရင်းသား လူမျိုးစုများ ကို စတင်မျက်နှာသာပေးခဲ့ကြသည်။ ၂၀ရာစု အစောပိုင်း ကာလတွင် ဗမာလူမျိုးများ အကြား အမျိုးသားရေးစိတ်ဓါတ်မြင့်မားနေခြင်းမှာ အဆိုပါဖွဲ့စည်းပုံနှင့် ဆက်နွယ်လျက် ရှိသည်ဟု Jolliffe ကရှင်းပြခဲ့သည်။
“၁၉၂၀ နှင့် ၁၉၃၀ ပြည့်နှစ်များတွင် ဗမာလူမျိုးများအကြား အမျိုးသားရေးစိတ်ဓါတ် အလွန်မြင့်မားနေခြင်းနှင့် သက်ဆိုင်သည့် အချက်နှစ်ချက်မှာ – သူတို့ရဲ့ ထီးနန်း သိမ်းပိုက်ခြင်း ခံရပြီး အာဏာကျဆင်းကာ ဘေးဖယ်ခံထားရတယ်လို့ ခံစားရခြင်းနှင့် (နောက်ပိုင်းတွင်) နိုင်ငံရေးစနစ်မှ ဘေးဖယ်ခံထားရခြင်းတို့ဖြစ်ပါတယ်” ဟု၎င်းက ပြောကြားခဲ့သည်။ “သူတို့ဟာ လူအများစုလည်းဖြစ်တာကြောင့် ‘ဗမာ့နိုင်ငံရေးဓလေ့’ ပေါ်ထွန်းခြင်းကို ဦးတည်စေခဲ့တယ်။”
အမျိုးသားရေးစိတ်ဓါတ် မြင့်မားနေခြင်းသည် ဗြိတိသျှအုပ်ချုပ်မှုအောက်မှထွက်ကာ ဗမာ့လွတ်လပ်ရေးရရှိစေရန် နောက်ဆုံးတွန်းအားပေးမှုဖြစ်ပေါ်စေခဲ့သည်။ တစ်ချိန်တည်းမှာပင် ဗမာ့တပ်မတော် ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းသည် လူထုထောက်ခံမှု မြင့်တက်လာကာ နောက်ဆုံးတွင် ဗြိတိသျှအုပ်ချုပ်မှု အောက်မှ ခွဲထွက်ကာ ဗမာ့လွတ်လပ်ရေးရရှိစေရန် ညှိနှိုင်းသဘောတူညီချက်ကို ပြုလုပ်နိုင်ခဲ့သည်။
ဗြိတိသျှတို့နှင့် လွတ်လပ်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပြီး ရက်သတ္တပတ် နှစ်ပတ်အကြာ ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များနှင့်အတူ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည်။ ယင်းစာချုပ်မှာ ဆယ်စုနှစ်များစွာ နိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသား လူမျိုးစုအဖွဲ့အစည်းများအတွက် စည်းလုံးမှုဖြစ်ပေါ်စေခဲ့သည်။
အဆိုပါ သဘောတူစာချုပ်တွင် မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်အတွက် အခြေခံ အုတ်မြစ် ဖြစ်စေသည့် “တောင်ပေါ်ဒေသများ၏ ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အ၀ ပေးအပ်ခြင်း” ဟူသည့် အချက်ပါဝင်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် နိုင်ငံ၏အမည်ကို တရားဝင်ပြောင်းလဲခဲ့သော်လည်း ဗမာနှင့် မြန်မာဟူသော အသုံးအနှုန်းကို ယနေ့တိုင် ပြန်လှန်အသုံးပြုနေဆဲဖြစ်သည်။
သို့သော် ဗြိတိသျှထံမှ ဗမာ့လွတ်လပ်ရေး အပြည့်အ၀ရရှိရန် ခြောက်လခန့် အလို ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့တော်၏ မြို့လယ်ခေါင်တွင် တည်ရှိသော ဝန်ကြီးများရုံး အဆောက်အဦးကို လက်နက်ကိုင်ပြည်သူ့စစ်သားများက ဝင်ရောက် စီးနင်းခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ လွှတ်တော်ဝန်ကြီးများ ကျဆုံးခဲ့ရသည်။ အဆိုပါလုပ်ကြံသတ်ဖြတ်မှုမှာ နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံတစ်ဝှမ်း ဝမ်းနည်းပူဆွေးမှုများ ယနေ့တိုင် ရှိစေခဲ့သည်။
အာဇာနည်နေ့က ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသည့် ဝန်ကြီးများရုံးအပြင်ဘက်တွင် ဝမ်းနည်းပူဆွေးသူများက လွမ်းသူ့ပန်းခွေများ လာရောက်ချထားခဲ့ကြသည်။ ပိုစတာ၏ အလယ်ဗဟိုတွင် သူ၏ ဓာတ်ပုံ ကို ဖော်ပြထားသည်။ (Yangon, 19 July 2017)
လွတ်လပ်ရေးရရှိခဲ့သော်လည်း ဗမာ့ကွန်မြူနစ်ပါတီပေါ်ထွက်လာမှုကြောင့် နိုင်ငံ၏ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များအကြား ပြန်လည်သင့်မြတ်ရေးသည် ရပ်ဆိုင်းခဲ့ရာမှ လွတ်လပ်ရေးရရှိပြီး လအနည်းငယ်အကြာတွင် ဗမာ့ပြည်တွင်းစစ်များ ဖြစ်ပေါ်စေခဲ့သည်။
၁၉၆၂ ခုနှစ်တွင် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဗိုလ်ချုပ်နေဝင်းသည် အသွင်ကူးပြောင်းလျက် ရှိသော ဒီမိုကရက်တစ်အစိုးရထံမှ အာဏာသိမ်းယူကာ ပင်လုံစာချုပ် အပါအဝင် ယခင်က လက်မှတ်ရေးထိုးထားခဲ့ပြီးသော ပြဌာန်းချက်များကို လျစ်လျူရှုခဲ့သည်။ ထိုအချိန်မှစ၍ လွတ်လပ်စွာပြောဆိုခွင့်၊ အတိုက်အခံနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား ဖက်ဒရယ် ဝါဒီဝင်များအား ဖိနှိပ်ဆက်ဆံသော ရက်စက်ကြမ်းကြုတ်သည့် စစ်အာဏာရှင် အုပ်ချုပ်ရေး လက်အောက်သို့ မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာ ကျဆင်းခဲ့ရသည်။
“ပင်လုံစာချုပ်သဘောတူညီချက်အတိုင်း လိုက်နာခဲ့ရင် ပြည်တွင်းစစ်ဆိုတာ ရှိခဲ့မှာ မဟုတ်ဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပဲရှိခဲ့မှာ” ဟု ၁၉၆၀ခုနှစ်မှ စတင်ပြီး ဗမာ့ပြည်တွင်း စစ်အတွင်း ပါဝင်ခဲ့သူ ရှမ်းပြည်နယ်ဖွံ့ဖြိုးရေးပါတီ/ ရှမ်းပြည်မြောက်ပိုင်းတပ်မတော်၏ နာယက Sao Hso Ten ကပြောကြားခဲ့သည်။ “ဒါပေမယ့် သူတို့က လိုက်နာခြင်း မရှိခဲ့ဘူးလေ။ အဲ့ဒီအစား စစ်အာဏာရှင်အုပ်ချုပ်ရေးကို ဖန်တီးခဲ့ကြတယ်။”
တပ်မတော်ဟုအများသိရှိသည့် ဗမာ့လက်နက်ကိုင်တပ်ဖွဲ့မှ အာဏာရယူကာ ဗြိတိသျှတို့ နှိပ်ကွပ်ခဲ့သည့် ဗမာ့ယဉ်ကျေးမှုကို ပြန်လည်ရယူရာတွင် တိုင်ပြည်စည်းလုံးမှုအတွက် ပြည်သူပြည်သားများအား တစ်သားတည်း ဖြစ်စေရန်ရည်ရွယ်သည့် “ဗမာမှုပြုခြင်း” မူဝါဒကို ကျင့်သုံးခဲ့သည်။ တိုင်းရင်းသားဘာသာစကားများ၊ ယုံကြည်ကိုးကွယ်မှု၊ ယဉ်ကျေးမှုးနှင့် သမိုင်းတို့ကို သင်ကြားမှုနှင့် အသုံးပြုမှုမှ တားမြစ်ခြင်းဖြင့် စတင်ခဲ့သည်။
“’စစ်မှန်သောဗမာ့ယဉ်ကျေးမှု’ ကို အဖက်ဖက်မှ ပြန်လည် အသက်သွင်းရန် ပြင်းထန်သော တွန်းအားပေးမှုတွေရှိခဲ့တယ်။ ကိုလိုနီစနစ်ကို တွန်းဖယ်ဖို့ ရည်ရွယ်ခဲ့သော်လည်း နိုင်ငံ တစ်ဝှမ်းရှိ တိုင်းရင်းသားလူမျိုးစုများအပေါ် တွန်းအားပေးမှုအများဆုံးအဖြစ် အဆုံးသတ် ခဲ့တယ်။”ဟု Jolliffe က မူဝါဒကျင့်သုံးမှုများက တပ်မတော်နှင့် တိုင်းရင်းသား လူမျိုးစုများ အကြား တင်းမာမှုကို မည်သို့ ပိုမိုဆိုးရွားစေခဲ့ပုံကို ဆက်စပ်ပြောကြားခဲ့သည်။ “အလွန် စစ်အာဏာရှင်ဆန်ခဲ့တဲ့ မူဝါဒက တိုင်းရင်းသား လူမျိုးစုတွေအနေနဲ့ သူတို့ရဲ့ယဉ်ကျေးမှု အပေါ် ခြိမ်းခြောက်မှုတွေကို ခံစားစေနိုင်တဲ့ အကြောင်းပြချက်ကြီးတစ်ခုပေါ့။”
၁၉၆၀ ပြည့်နှစ်များတွင် ပြည်တွင်းစစ်ပြင်းထန်လာသည့်အခါ ဗမာ့တပ်မတော်မှ တိုင်းရင်းသား အတိုက်အခံတပ်ဖွဲ့များထံသို့ တိုင်းရင်းသားအဖွဲ့အစည်းများမှ ထောက်ပံ့ ပေးခြင်းကို ဖိနှိပ်ရန်အလို့ငှာ အစားအသောက်၊ ငွေကြေး၊ ပညာနှင့် လူသစ်တင်သွင်းခြင်း ဟူသည့် အဓိက အချိတ်အဆက်များကို ဖြတ်တောက်သည့် ‘ဖြတ်တောက်ခြင်းလေးမျိုး’ နည်းဗျူဟာကို စတင်အသုံးပြုခဲ့သည်။
“အဲ့ဒီနည်းဗျူဟာက သောင်းကျန်းသူများကို ဒေသခံများမှ ခိုလှုံမှုနှင့် ထောက်ပံ့မှု ပေးအပ်ခြင်းမှ ရပ်တန့်ဖို့ မူတည်ထားပါတယ်။ နည်းဗျူဟာရဲ့ ရလာဒ်အနေနဲ့ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးအုပ်စုများကို ပစ်မှတ်ထားတဲ့အတွက် မရည်ရွယ်ဘဲ လူမျိုးတုန်း သတ်ဖြတ်မှုနီးပါး ဖြစ်စေခဲ့ပါတယ်။” ဟု၎င်းကပြောဆိုခဲ့ပါသည်။
ရွာသားများမှ တိုင်းရင်းသားလက်နက်ကိုင်များကို အထောက်အပံ့ပေးအပ်ခြင်းမှ ဖြတ်တောက်ရန် ဗမာ့တပ်မတော်သည် နေရာရွေ့ပြောင်းခြင်း၊ တိုက်ခိုက်ခြင်းနှင့် ရွာများကို ဖျက်ဆီးခြင်းတို့အပြင် ရံဖန်ရံခါတွင် အတိုက်အခံတပ်ဖွဲ့များကို ထောက်ပံ့ပေးသည်ဟု ယူဆရသူမည်သူ့ကိုမဆို ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ တင်းကျပ်သော တပ်မတော်ထိန်းချုပ်မှုရှိသည့် စည်းရိုးကာရံထားသော ဧရိယာများသို့ အသိုင်းအဝိုင်းတစ်ခုလုံးကို အတင်းအကျပ်ပြောင်းရွေ့စေခဲ့သည်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch ၏ပြောဆိုချက်အရ ယင်းအချိန်မှ နောက်ဆယ်စုနှစ်များစွာအထိ တပ်မတော်သည် “ကျယ်ပြန့်သော စစ်ရေးဆောင်ရွက်ချက်များ၊ သိမ်းပိုက်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ မုဒိန်းကျင့်ခြင်းနှင့် အခြား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ အတင်းအကျပ် အလုပ်ခိုင်းစေခြင်း၊ ကလေးစစ်သားများ ခေါ်သွင်းခြင်းနှင့် ကျေးရွာတစ်ခုလုံး ပြောင်းရွေ့ခြင်းနှင့် ဖျက်ဆီးခြင်း”အစရှိသည့် ကျယ်ပြန့်သော မှတ်တမ်းဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တိုင်းရင်းသားလက်နက်ကိုင် အတိုက်အခံအုပ်စုများအား ဆန့်ကျင်သည့် စစ်ရေးဆောင်ရွက်ချက်များ အဖြစ် ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ လုပ်ရပ်များကြောင့် တိုင်းပြည်၏ တိုင်းရင်းသားအသိုင်းအဝိုင်းများထံ ဒဏ်ရာများ စွဲကျန်ရစ်ခဲ့ရသည်ဟု Jolliffe ကဆိုသည်။
“ယနေ့တိုင် ဒေသခံများသည် ပစ္စည်းများ ဖွက်ထားခြင်း၊ အစားအသောက်များ မြှုပ်နှံခြင်းနှင့် ခိုလှုံရန် ဧရိယာများ သတ်မှတ်ခြင်းတို့ကို ဗမာ့တပ်မတော်ထံမှ ရှောင်ရှားနိုင်ဖို့ ဆက်လက်ပြုလုပ်နေဆဲပါ။”ဟု သူကဆိုသည်။
နမ္မတူမြို့ လီဆူးဘုရားကျောင်း စစ်ပြေးဒုက္ခသည်စခန်းရှိ အိမ်တန်းလျားများ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ၂၀၁၆ခုနှစ် ဇူလိုင်လတွင် တည်ထောင်ခဲ့သော အဆိုပါစခန်းအတွင်းတွင် နေထိုင်သူလူဦးရေ ၂၀၀ ကျော်ရှိသည်။ (Namtu, 18 June 2019)
၁၉၇၀ မှ ၁၉၈၀ ခုနှစ်အထိ ပြည်တွင်းစစ်များ ဆက်လက်ဖြစ်ပွားခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ၏ အရင်းအမြစ်များကို ကုန်ခမ်းစေခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် လက်နက်ကိုင် တိုင်းရင်းသားအုပ်စုများသည် ပြင်းထန်သော တပ်မတော် တိုက်ခိုက်မှုများ အပေါ် ခံနိုင်ရည်ကုန်ဆုံးကာ အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီမှု ရယူခဲ့ကြသည်။ သဘောတူညီမှုအချို့သည် နောက်ပိုင်းတွင် ပယ်ဖျက်ခဲ့ပြီး အချို့မှာ လက်နက်ကိုင် အုပ်စုအသစ်များ ဖြစ်ထွန်းစေရန် အသိပေးခံရသည်။ ဗမာ့တပ်မတော်မှ တိုင်းရင်းသား ခေါင်းဆောင် အချို့ကို သဘောတူညီမှုများကို လက်မှတ်ရေးထိုးရန် မက်လုံးပေးခဲ့ကြသည်။
တိုင်းရင်းသားအုပ်စုများနှင့် တပ်မတော်အကြား နောက်ထပ် အဓိကကျသည့် တင်းမာမှုတစ်ရပ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းဖြစ်သည်။ နောက်ဆုံးပြင်ဆင်ချက်မှာ ယနေ့မြန်မာ့ဥပဒေတွင် ပါဝင်နေဆဲဖြစ်သည်။
အဆိုပါ မူကြမ်းသည် ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့သည် – ၎င်းက လက်နက်ကိုင် အုပ်စု တစ်ချို့ကို ဗမာ့တပ်မတော်၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်ရှိ တပ်မတော်-ပူးပေါင်း တပ်ဖွဲ့ဝင်များ အဖြစ် ကူးပြောင်းစေခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံသားမဟုတ်သူကို ထိမ်းမြားလက်ထပ်ထားသည့် မည်သူမဆို သမ္မတအဖြစ် ရွေးကောက်တင်မြှောက် ခံရခြင်းမှ တားမြစ်သည့် ဥပဒေတစ်ရပ်လည်း ပြဌာန်းထားသည်။ သို့ဖြစ်ရာ သမိုင်းဝင် သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီး၊ အဓိကအတိုက်အခံပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်၊ ဗြိတိသျှနိုင်ငံသား၏ မုဆိုးမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဘယ်တော့မှ သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရမည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။
တပ်မတော်မှ မည်သည့် ပြဌာန်းချက်အပေါ်တွင်မဆို ဗိတိုအာဏာထိန်းသိမ်းရန် လုံလောက်သည့် လွှတ်တော်ထိုင်ခုံနေရာ၏ ၂၅% ကိုဦးယူထားခဲ့ပြီးဖြစ်သည်။ တပ်မတော်၏ ထိန်းချုပ်မှုအောက်တွင် ဗဟိုချုပ်ကိုင်မှုကို ရှေ့ဆက်ဆောင်ရွက်ရန်နှင့် “တပ်မတော်အာဏာကို ထိန်းသိမ်းရန်”အတွက်လုပ်ဆောင်ခြင်းဖြစ်သည်ဟု Jolliffe ကဆိုသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဗဟိုချုပ်ကိုင်မှုရှိနေဆဲဖြစ်သည်။ လက်နက်ကိုင်အဖွဲ့တွေ အတွက်တော့ ဒါဟာ ပြဿနာတစ်ရပ်ဖြစ်တယ်။” ဟုသူကဆိုသည်။
Amnesty International အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများသည် “လူ့အခွင့်အရေးကို အလေးမထားခြင်း၊ စစ်အုပ်ချုပ်ရေး အမြစ်တွယ်စေရန်နှင့် ဆောင်ရွက်ချက်များအပေါ် အရေးမယူစေရန် ကြိုးပမ်းမှု”ဟူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ရှုတ်ချခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မြန်မာ့သာသနာအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများအပါအဝင် ဒေသခံ အဖွဲ့အစည်းများကလည်း အဆိုပါ ဥပဒေ ပြဌာန်းချက်ကို ပယ်ချခဲ့သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်က ဆောင်ရွက်နေပြီး ဒါဟာ စစ်အုပ်ချုပ်ရေး အစိုးရဖြစ်ပါတယ်။” ဟု ရှမ်းပြည်နယ်ဖွံ့ဖြိုးရေးပါတီ/ ရှမ်းပြည်မြောက်ပိုင်းတပ်မတော်၏ နာယက Sao Hso Ten က Global Ground Media ကိုပြောကြားခဲ့သည်။
SSPP/SSA ဗိုလ်ချုပ် Sao Hso Ten သည် ရန်ကုန်မြို့ရှိ SNLD ရုံးချုပ်တွင် ထိုင်နေပုံ။ (Yangon, 27 June 2019)
အစိုးရ တပ်မတော်နောက်ခံပါတီမှ ထိန်းသိမ်းအုပ်ချုပ်ခဲ့သောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းများမှ တရားမျှတမှုနှင့် လွတ်လပ်မှုမရှိဟု ယူဆခြင်းခံရသည့် တပ်မတော် ဗိုလ်ချုပ်ဟောင်း ဖြစ်သူ ထိုစဉ်က သမ္မတဦးသိန်းစိန်မှ ဦးဆောင်သည့် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲပြီးနောက် အမျိုးမျိုးသော တိုင်းရင်းသားခုခံလှုပ်ရှားမှုများများနှင့် အပစ်အခတ် ရပ်ဆဲရေး ဆွေးနွေးမှုများ စတင်ခဲ့သည်။
တစ်နှစ်တည်းမှာပင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၅နှစ်ကျော် ကြာမြင့်ခဲ့သည့် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သည်။ နေအိမ်အကျယ်ချုပ်မှ လွတ်ငြိမ်းခဲ့သည့် နောက်တစ်နေ့တွင် “အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ၂၁ ရာစု၏ ပြဿနာများကို ဖြေရှင်းရန် ဒုတိယပင်လုံအစည်းအဝေး ပြုလုပ်ရန် လိုအပ်သည်”ဟု မြန်မာနိုင်ငံ၏ ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းစစ်ကို ရည်ညွှန်းပြောဆိုခဲ့သည်။
ထို့နောက် ငါးနှစ်အကြာ ၂၀၁၅ခုနှစ် အောက်တိုဘာလ တွင် နှစ်နှစ်ခန့်နက်နဲပြင်းထန်သော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်း အပစ်အခတ်ရပ်ဆဲရေး သဘောတူညီမှုစာချုပ် (NCA) ကို ချုပ်ဆိုနိုင်ခဲ့သည်။
“နိုင်ငံတစ်ဝှမ်း အပစ်အခတ်ရပ်ဆဲရေး သဘောတူညီမှုစာချုပ်သည် အနာဂတ် မျိုးဆက် အတွက် ကျွန်တော်တို့မှ ပေးအပ်နိုင်ခဲ့သည့် သမိုင်းဝင်လက်ဆောင်ဖြစ်သည်။ ဒါဟာ ကျွန်တော်တို့ရဲ့ အမွေအနှစ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖွင့်လှစ်လိုက်ပါပြီ။”ဟု ယနေ့ခေတ်မြို့တော်ဖြစ်သည့် နေပြည်တော်ရှိ လက်မှတ်ရေးထိုးပွဲတွင် ဦးသိန်းစိန်က ပြောကြားခဲ့သည်။
သို့သော် အင်အားအကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုဖြစ်သည့် ဝပြည်နယ်စည်းလုံးရေးတပ်ဖွဲ့ United Wa State Army နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ အစည်း Kachin Independence Organisation တို့ ပါဝင်လက်မှတ်ရေးထိုး ထားခြင်း မရှိသည်မှာ NCA ၏ အရေးပါသည့် အသိပေးချက်များအဖြစ် တည်ရှိနေသည်။ အခြား ဖိတ်ကြားခံရသည့် အဖွဲ့အစည်းများက တရားမျှတမှုမရှိဟု ထင်မြင်သောကြောင့် လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ရန် ငြင်းဆိုခြင်း သို့မဟုတ် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်စဉ် ထွက်ခွာခြင်းတို့ရှိခဲ့သည်။ အပစ်အခတ်ရပ်ဆဲရေး လက်မှတ်ရေးထိုးနေချိန်တွင် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် အပစ်အခတ်များ ဆက်လက်ဖြစ်ပွားခဲ့ပါသည်။
မည်သို့ပင်ဆိုစေကာမူ နောက်တစ်လတွင် မြန်မာနိုင်ငံ၏ ပထမဆုံး လွတ်လပ်ပြီး တရား မျှတမှုရှိသော အမျိုးသားရွေးကောက်ပွဲများကို ကျင်းပနိုင်ခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက်များ ပိုမိုရရှိခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲမဲဆွယ်ရာတွင် “နိုင်ငံသားတိုင်းနှင့် ဘာသာဝင်တိုင်း တူညီသည့် အခွင့်အရေးရရှိရမည်” ဟူသော စာသား ပါဝင်ခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ခန့်က သူမ၏ဖခင်ဆောင်ရွက်လျက်ရှိသော တိုင်းပြည်၏ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆက်လက်ဆောင်ရွက်နိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် “အပြတ်အသတ်” အနိုင်ရရှိခဲ့သည်။
အမေရိကန်ပြည်ထောင်စု အတွင်းရေးမှူးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးတွင် နိုဝင်ဘာလ ၁၅ ရက်နေ့ က တွေ့ဆုံနေပုံ။ (Naypyidaw, 15 November 2017)
—
Article and photography by Victoria Milko.
Editing by Mike Tatarski and Anrike Visser.
Illustrations by Imad Gebrayel.
Global Ground is investigative, independent journalism. We’re ad-free and don’t sell your personal data, so we mainly depend on donations to survive.
If you like our stories or think press freedom is important, please donate. Press freedom in Asia is under threat, so any support is appreciated.
Thanks in advance,
The Global Ground Team
You must be logged in to post a comment.